မိန်းခလေးတွေမှာ အပျိုမြှေးရှိမှအပျိုစစ်တာလား?


           မိန်းကလေးတစ်ယောက်မှာ အပျိုမြှေးဆိုတာရှိတယ်လို့ သိကြပါတယ်။ အပျိုမြှေးရှိမှ အပျိုစစ်တယ်ဆိုတာ မှန်ပါသလားဆိုပြီး အရပ်ထဲမှာ ငြင်းဆန်လေ့ရှိကြတယ်။ အဲဒီ အယူအဆကတော့ ယောကျ်ားလေးတွေ အရွယ်ရောက်လာတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက်တီးတိုး ဖောက်သယ်ချတတ်တဲ့ အယူအဆတစ်ခုပါ။ အဲဒီအယူအဆဟာ မှားယွင်းပေမယ့် အဲဒါကို အမှန်ထင်နေကြတဲ့ အမျိုးသားတွေ အများကြီးရှိပါတယ်။

မိန်းကလေးတွေရဲ့ အင်္ဂါဝမှာ အပေါက်ငယ်လေးများ ပါတဲ့အလွှာတစ်ခု (အမြှေး တစ်ခု) ရှိနေတယ်။ အဲဒီအမြှေးက ပထမဦးဆုံး လိင်ဆက်ဆံမှုကြောင့် ပျက်ယွင်း သွားလေ့ ရှိပါတယ်။ အဲဒါကိုအကြောင်းပြုပြီး အဲဒီအမြှေးကို အပျိုမြှေးဆိုပြီး ခေါ်ခဲ့ကြပါတယ်။

ဆေးပညာအခေါ်ကတော့ Hymen လို့ခေါ်ပါတယ်။ အမျိုးသမီးတွေ မီးယပ်သွေးပေါ်တဲ့ အခါ အပျိုမြှေးမှာပါတဲ့ အပေါက်ငယ်က တစ်ဆင့် သွေးများဟာ ပြင်ပကို စီးထွက်နိုင် ကြပါတယ်။ အပျိုမြှေးလို့ခေါ်ထားတဲ့ အဓိပ္ပာယ်ကြောင့်ပဲ လွဲမှားတဲ့အယူအဆရှိနေတာပါ။

မိန်းကလေးတွေရဲ့ အင်္ဂါဝမှာ အမြှေးရှိတယ်။ လိင်ဆက်ဆံတဲ့အခါမှာ ပျက်ယွင်း သွားနိုင်တယ်။ ဒါပေမယ့် လိင်ဆက်ဆံမှုကြောင့် မဟုတ်ဘဲ ပျက်ယွင်း သွားတာရှိပါတယ်။ ဥပမာပေါ့ လိင်အင်္ဂါကို သန့်ရှင်းရေး ပြုလုပ်တာ၊ မိမိဘာသာစိတ်ဖြေဖျောက်တာ၊ မတော်တဆ ထိခိုက်ဒဏ်ရာရတာ၊ အားကစား ပြုလုပ်တာ၊ ဆေးပညာအရ လိုအပ်သလို အင်္ဂါ စမ်းသပ် စစ်ဆေးခံရတာတွေကြောင့်လည်း ပျက်ယွင်းသွားတတ်တာပါ။ ဒါကြောင့် ဒါရှိမှ အပျိုစစ်မယ်ဆိုတာ မှားယွင်းတယ်လို့ ဆိုရမှာပါ။ အပျိုမြှေးရှိမှ အပျိုစစ်တယ်ဆိုတာ မှားယွင်းတဲ့ အယူအဆတစ်ခုဆိုတာ သိထားကြဖို့ လိုအပ်ပါတယ်ခင်ဗျ။

🐝Bee Poison🐝



drbikekalay1@gmail.com သို့ ဓါတ်ပုံနှင့်ဗီဒီယို ဖိုင်များကို ဆက်သွယ်ပေးပို့ နိုင်ပါကြောင်း အသိပေးအပ်ပါ သည်။ ပေးပို့သူများ၏ အကောင့်များကို အများမသိစေရန် အာမခံကြောင်း ဒေါက်တာ ဗိုက်ကလေး 2731 Views

Post a Comment

0 Comments